မက်မန်းသီးဟာ ရှမ်းပြည်နယ်ထွက် သီးနှံတွေထဲက တစ်ခုဖြစ်ပြီး
ဇွန်လ ဝန်းကျင်မှာ ထွက်လေ့ရှိပါတယ်
အသီးစိမ်းဟာ အဖန်၊ အချဉ်၊ အခါးဓာတ် တွေ ပါဝင်တာကြောင့်
အဖန်/အခါးဓာတ်တွေ လျော့အောင် (၂)လ ဝန်းကျင် ဆားရည်စိမ်ပြီးရင်တော့ (၁)နှစ်ပတ်လုံး သိုလှောင်ထားရပါတယ်
သိုလှောင်ထားတဲ့ အသီးတွေကို ဆားရည်စိမ်ထားတဲ့ အငံဓာတ်တွေ
လျော့ပါးသွားအောင် ရေနဲ့ ပြုတ်ရပါတယ်
ပြီးရင်တော့ အမွှေးအကြိုင်တွေနဲ့ အရသာရှိအောင် အဆင့်ဆင့်
သကြားသွင်း၊ အခြောက်လှန်း၊ စားသုံးရလွယ်ကူဖို့ ထုတ်ပိုး
လိုက်ရင်တော့စွဲမက်စရာ အနံ့လေးကိုမှ ထူးကဲလှတဲ့ ချိုချိုချဉ်ချဉ်
အရသာလေးနဲ့ မက်မန်းယိုလေး ရပါပြီ